ပြည်သူ့ဆန္ဒဆိုတာဘာလဲ

ပြည်သူ့ဆန္ဒသည် ပြည်သူများအား ၎င်းတို့၏ အမြင်များ၊ မျှော်လင့်ချက်များနှင့် နာကြည်းမှုများကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ပေးပြီး နိုင်ငံရေး၊ ဘာသာရေး ကန့်သတ်ချက်များထက် ကျော်လွန်၍ အားလုံးပါဝင်သည့် စကားဝိုင်း ဖြစ်ပေါ်ရေးအတွက် လမ်းကြောင်းဖွင့်ပေးမည့် စီမံကိန်းတစ်ရပ်ဖြစ်ပါသည်။

လူတိုင်းလူတိုင်းသည် မိမိတို့၏ မျှော်လင့်ချက်၊ လိုအပ်ချက်နှင့် စိုးရိမ်ဖိစီးမှုများကို အများ သိကြားအောင် ပြောပိုင်ခွင့်ရှိသည်ဟု ကျွန်ုပ်တို့အနေဖြင့် စွဲမြဲစွာ ယုံကြည်ပါသည်။ 

ပြည်သူ့ဆန္ဒသည် မြန်မာ့လူအဖွဲ့အစည်း၏ အနာဂတ် နိုင်ငံရေး အတွက် အကြံဉာဏ်နှင့် အယူအဆများ လေ့လာရာ၊ ဆွေးနွေးရာနှင့် မျှဝေရာ ဒစ်ဂျစ်တယ် ရပ်ဝန်းတစ်ခုဖြစ်ပါသည်။ 

သင်၏ တောင်းဆိုချက်များသည် ကျွန်ုပ်တို့အားလုံး၏ အနာဂတ် မျှော်မှန်းချက်ကို ပုံဖော်ပြနိုင်မည့် သက်ရှိစာတမ်းတစ်စောင် ပြုစုရေးသားရာတွင် အထောက်အကူဖြစ်စေပါလိမ့်မည်။ 

အဖွဲ့ဝင်များ

ပြည်သူ့ဆန္ဒအဖွဲ့တွင် မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများနှင့် သုတေသီများ၊ နိုင်ငံတကာမှ မိတ်ဖက်များ ပါဝင်ကြပါသည်။ ကျွန်ုပ်တို့ အဖွဲ့ဝင်အများစုမှာ လူကိုယ်တိုင်တွေ့ဆုံဖူးခြင်းမရှိသော်လည်း ဤလှုပ်ရှားမှုခေါင်းစဉ်အောက်တွင် စုစည်းညီညွတ်စွာ လက်တွဲဆောင်ရွက်နေကြပါသည်။ ကျွန်ုပ်တို့အဖွဲ့သည် မည်သည့် နိုင်ငံရေး၊ ဘာသာရေးအယူအဆကိုမှ ကိုယ်စားမပြုပါ။ 

No alt available.

ပြည်သူ့ဆန္ဒအလုပ်လုပ်ပုံ 

မည်သူမဆို မိမိ၏ တောင်းဆိုချက်ကို အမည်မဖော်ပဲ လွတ်လပ်စွာတင်သွင်းနိုင်ပါသည်။ 

အဆိုပါ တောင်းဆိုချက်များအား ဝဘ်ဆိုဒ်ပေါ်တွင် မဖော်ပြသေးမီ ပုဂ္ဂိုလ်၊ ဒေသစသည်တို့ကို ဖော်ပြသည့် သတင်းအချက်အလက်များ၊ အများထိခိုက်စေနိုင်သည့် သတင်းအချက်အလက်များ မပါဝင်စေရန် အထူးဂရုတစိုက် စစ်ဆေးသွားမည် ဖြစ်ပါသည်။

ဝဘ်ဆိုဒ်ပေါ်တွင် မျှဝေထားသည့် သတင်းအချက်အလက်များအားလုံးကိုလည်း လုံခြုံစိတ်ချစွာ သိုမှီး သိမ်းဆည်းထားနိုင်ရန်အတွက်လည်း အစွမ်းကုန် ကြိုးစားအားထုတ်ထားပါသည်။

သင်၏ IP address ၊ လက်ဗွေစသည်တို့အပါအဝင် မည်သည့် ပုဂ္ဂိုလ်ရေးအချက်အလက်ကိုမှ လျှို့ဝှက်ကောက်ယူခြင်းမပြုပါ။ 

တောင်းဆိုချက်တင်သွင်းရာတွင် သင့်အနေဖြင့် ဆန္ဒရှိပါက အသက်၊ နေရပ်၊ လိင် အစရှိသည်တို့ကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ထိုသို့မျှဝေခြင်းအားဖြင့် ကျွန်ပ်တို့ အနေဖြင့် သင့်တောင်းဆိုချက်များကို တိကျစွာ ထင်ဟပ်ဖော်ပြနိုင်မည်ဖြစ်ပြီး ဝဘ်ဆိုဒ်ပေါ်တွင်လည်း ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်ပါသည်။

သင့်တောင်းဆိုချက်များအား သရုပ်ခွဲ၍ ဝဘ်ဆိုဒ်ပေါ်ရှိ မှတ်တမ်းအရှင်ပေါ်တွင် တင်ထားမည်ဖြစ်ပြီး ၎င်းမှတ်တမ်းသည် ပြည်သူများ၏ နိုင်ငံရေး လိုအင်ဆန္ဒများကို အချိန်နှင့် တပြေးညီ ခြုံငုံဖော်ပြသွားမည် ဖြစ်ပါသည်။ 

ဤနည်းဖြင့် ကျွန်ုပ်တို့နိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူအစုအဖွဲ့များ အားလုံး၏ လိုလားချက်များနှင့် လိုအပ်ချက်များကို လူတိုင်းမျက်မြင်တွေ့ရှိရမည် ဖြစ်ပါသည်။