သုံးသပ်စစ်ဆေးရေးမူဝါဒ

ပို့စ်တင်သူများအနေဖြင့် အောက်ပါတို့ကို သဘောတူပြီး ဖြစ်ရပါမည်။

  • သင့်အနေဖြင့် သင့်စိတ်အဆင်ပြေသည့် ကိစ္စမျိုးကိုသာ မျှဝေပေးရန်ဖြစ်ပြီး ဆက်သွယ်ရန်လိပ်စာ၊ သို့မဟုတ် လူပုဂ္ဂိုလ်၊ အုပ်စု၊ အဖွဲ့အစည်းတစ်ခုခု၏ သတင်းအချက်အလက်များအား မျှဝေခြင်းမှ ရှောင်ကြဉ်ရပါမည်။

  • ပို့စ်များသည် အပြုသဘောဆောင်သင့်ပြီး အကယ်၍ ဖြစ်နိုင်ပါက သင်ဖြစ်စေချင်သည့် ကိစ္စ လက်တွေ့တွင် အမှန်တကယ် မည်သို့ ဖြစ်လာနိုင်သည်ကို ချက်ကျလက်ကျ ဖော်ပြပါ။ မှတ်ချက်များရေးသားရာတွင် မလိုလားအပ်ဘဲ အခြား တစုံတယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုခု၏ ဂုဏ်သိက္ခာ ထိခိုက်မှုမရှိစေရန် ဂရုပြု ရှောင်ရှားပြီး သင့်ထင်မြင်ချက်ကိုသာ ပေါ်လွင်အောင်ရေးသားပါ။

  • ဝေဖန်ရေးဆန်သည့် မှတ်ချက်များရေးသားရာတွင် သက်ဆိုင်ရာ အပြုအမူနှင့် စကားအသုံးအနှုန်းကိုသာ ဦးတည်ရေးသားသင့်ပြီး လူတဦးတယောက်၏ လူမျိုးရေး အပြင်ပန်း သဏ္ဌာန်၊ ယဉ်ကျေးမှု၊ ရုပ်ရည်အသွင်အပြင်၊ လိင်၊ လိင်တိမ်းညွတ်မှု၊ ကိုးကွယ်ယုံကြည်မှု၊ အသက်အရွယ်တို့ကို ဦးတည်ရေးသားခြင်း မပြုလုပ်ရပါ။ 

  • လေးစားသမှုရှိသော စကားလုံးအသုံးအနှုန်းကိုသာ ရွေးချယ်သုံးနှုန်းပြီး၊ ညစ်ညမ်းသော၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ သုံးနှုန်းခြင်း၊ မိမိကိုယ်ကို ထိခိုက်စေသော၊ သေကြောင်းကြံစည်သော၊ အကြမ်းဖက်သော သို့မဟုတ် ရာဇဝတ်မှုမြောက်သော ကိစ္စရပ်များကို အားပေးအားမြှောက်ပြုသည့် အကြောင်းအရာများ ဖော်ပြခြင်းမှ ရှောင်ကြဉ်ရပါမည်။

  • ပို့စ်တင်ရာတွင် အမှန်တကယ် လိုအပ်မှသာ အခြားပြင်ပလင့်များကို ပူးတွဲတင်ပါ။ ဖော်ပြပါ စည်းကမ်းချက်များနှင့် မလျော်ညီသော အကြောင်းအရာများပါဝင်သည့် လင့်များတင်ခြင်းမှ ရှောင်ကြဉ်ပါ။ 

  • ပို့စ်တွင်အသုံးပြုသည့် ရုပ်ပုံများသည် နိုင်ငံတကာ မူပိုင်ခွင့်ဥပဒေများနှင့်အညီ ဖြစ်ရပါမည်။ Unsplash ဝဘ်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်လို Google image တွင်လည်း ရှာဖွေနိုင်ပြီး 'Tools' tab မှ 'Labeled for Reuse' ကို ရွေး၍ ကြည့်ရှုနိုင်ပါသည်။ 

  • ဤဝဘ်ဆိုဒ်သည် အနာဂတ် မြန်မာနိုင်ငံဆိုင်ရာ အပြုသဘောဆောင်သော ဆွေးနွေးပွဲများဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည့်အတွက် Spam ၊ ကြော်ငြာ၊ ပရိုမိုးရှင်း၊ အရောင်းပို့စ်များ အစရှိသည်တို့နှင့် ဆက်နွယ်သည့် အကြောင်းအရာများ ပို့စ်တင်ခြင်းကို ခွင့်မပြုပါ။

  • ပို့စ်တစ်ခုကို တစ်ကြိမ်သာတင်ရပါမည်။ တစ်ကြိမ်ထက်မက ထပ်နေသော ပို့စ်များအတွက် သတိပေးသွားမည်ဖြစ်သလို ဖြစ်ရပ်တစ်ခုချင်းစီအလိုက် အဖွဲ့တွင်းဆွေးနွေးသွားပါမည်။ တင်ပြီးသားပို့စ်တစ်ခုနှင့် ချွတ်စွပ်တူနေသော ပို့စ်များ၊ ချွတ်စွပ်နီးပါး တူနေသော ပို့စ်များအား စည်းကမ်းထိန်းအဖွဲ့၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ တင်ခွင့်ပြုနိုင်သလို၊ ပယ်ချခြင်းလည်း ပြုလုပ်သွားနိုင်ပါသည်။

ပြည်သူ့ဆန္ဒ စည်းကမ်းထိန်းအဖွဲ့၏ တာဝန်များ

  • သုံးသပ်စစ်ဆေးမှုကို လူကိုယ်တိုင်ပြုလုပ်မည်ဖြစ်ပြီး AI ကဲ့သို့သော အလိုလျောက် အလုပ်လုပ်သည့်စနစ်များကို အသုံးပြုမည် မဟုတ်ပါ။ ပို့စ်များကို သီးခြားလွတ်လပ်သော စည်းကမ်းထိန်းများမှ စစ်ဆေးမည်ဖြစ်ပြီး ခွင့်ပြု/ပယ်ချရေးနှင့် ပတ်သက်ပါကလည်း ၎င်းတို့ကြား အများသဘောတူညီချက်ဖြင့် ဆုံးဖြတ်သွားမည်ဖြစ်သည်။  အကယ်၍ စည်းကမ်းထိန်းများကြား သဘောတူညီမှုမရရှိပါက ကျွန်ုပ်တို့အနေဖြင့် အတွင်းစည်းတွင် ဖြစ်ရပ်တစ်ခုချင်းစီအလိုက် သုံးသပ်မှု ပြုလုပ်ပြီး ၎င်းပို့စ်ကို အွန်လိုင်းတင်၊ မတင် ဆုံးဖြတ်သွားမည်ဖြစ်သည်။

  • စည်းကမ်းထိန်းများအနေဖြင့် ပို့စ်ပါ အကြောင်းအရာများကို တည်းဖြတ်ခြင်း၊ ပြင်ဆင်ခြင်း လုံးဝ ပြုလုပ်မည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ ပို့စ်ပါ အကြောင်းအရာတစ်ခုခုသည် သုံးသပ်စစ်ဆေးရေးမူဝါဒနှင့် မကိုက်ညီပါက စည်းကမ်းထိန်းများမှ ပို့စ်တစ်ခုလုံးကို ပယ်ဖျက်သွားမည်ဖြစ်သည်။

  • ပုံမှန်အားဖြင့် ပို့စ်တင်ပြီး ၄၈ နာရီအတွင်း သုံးသပ်စစ်ဆေးမှု ပြုလုပ်ပြီး လက်ခံ၊ မခံ ဆုံးဖြတ်သွားမည်ဖြစ်သည်။

  • ပို့စ်တင်ရာတွင် မည်သူမည်ဝါတင်သွင်းသည်ဟူသော အချက်အလက်များ ရယူထားခြင်းမရှိပါသဖြင့် ၎င်းပို့စ်အား လက်ခံခြင်း၊ ပယ်ချခြင်းနှင့် စပ်လျဉ်း၍ ပို့စ်တင်သူအား ကျွန်ုပ်တို့အနေဖြင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိပါ။ မိမိတင်လိုက်သောပို့စ်အား အတည်ပြု၊ မပြုကို လိုက်လံကြည့်ရှုရန်မှာ ပို့စ်တင်သူ၏ တာဝန်သာဖြစ်သည်။

  • ဖော်ပြပါ မူဝါဒများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က နောက်ဆုံးအကြိမ် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပါသည်။ စည်းကမ်းထိန်းများအနေဖြင့် အဆိုပါ မူဝါဒများကို အချိန်မရွေး ပြင်ဆင်ဖြည့်စွက်မှု ပြုလုပ်ခွင့်ရှိပြီး အသုံးပြုသူများ (users) အား ပင်မစာမျက်နှာတွင် အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါသည်။

သုံးသပ်စစ်ဆေးပြီးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်ခြင်း

  • ပြည်သူ့ဆန္ဒအနေဖြင့် အယူခံဝင်သော လုပ်ငန်းစဉ်တစ်ရပ် ဖန်တီးပေးနိုင်လောက်သည့် အနေအထားမရှိပါ။ ပို့စ်တင်သူများအနေဖြင့် အပယ်ခံရသော ပို့စ်အား ကျွန်ုပ်တို့ ပြဋ္ဌာန်းပေးထားသည့် သုံးသပ်စစ်ဆေးရေး မူဝါဒနှင့် ကိုက်ညီစေရန် ပြင်ဆင်ရေးသားပြီး နောက်တစ်ကြိမ် ထပ်မံတင်သွင်းနိုင်ပါသည်။